ဘားအံခရိုင် Community Centre ခန်းမတွင် တိုင်းရင်းဆေးပညာဖြင့် နွေရာသီတွင်ဖြစ်တတ်သော ရောဂါငယ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ဘားအံ မတ် ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တိုင်းရင်းဆေးပညာဖြင့် နွေရာသီတွင်ဖြစ်တတ်သော ရောဂါငယ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကုတင်(၅၀၀)ဆံ့ တိုင်းရင်းဆေးရုံ(ဘားအံ)မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နိုင်နိုင်ဝင်းက နွေရာသီတွင် ဖြစ်တတ်သော ရောဂါများအကြောင်း၊ အပူရှပ်ခြင်း၊ မျက်စိနာ၊ မျက်မှေးရောင်ရောင်ဂါ၊ စိတ်ကျရောဂါ၊ ရေဓာတ်ဆုံးရှုံးမှု၊ နေလောင်ခြင်း၊ ပါးကျိတ်ရောင်ခြင်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးချုပ်ခြင်းရောဂါများ မဖြစ်ပွားစေရေး ကာကွယ်ရမည့်နည်းလမ်းများ၊ နွေရာသီတွင် စားသုံးသင့်သည့် အစားအစာများ၊ ရောဂါငယ်များ ဖြစ်ပွားပါက တိုင်းရင်းဆေးပညာဖြင့် ကုသနိုင်သည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်/စာစောင်များ ငှားရမ်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေးအကြောင်းအရာများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)