ကလော မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၈) နှစ်မြောက် တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြသောအားဖြင့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာပေများ ပြသထားကြောင်း သိရသည်။
ထိုသို့အသိပညာပေးရာတွင် လူကုန်ကူးမှုတာစီးကာကွယ်ရေးအကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့် အကြောင်းအရင်းများနှင့် မူးယစ်ဆေးမသုံးဘဲ အခြားပြုလုပ်သင့်သည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုရရှိလာမည့် ဆိုးကျိုးများအကြောင်း၊ လူငယ်လူရွယ်များအလွဲသုံးရာမှ စွဲတက်စေသည့် ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ ဉပဒေဖြင့် ကန့်သတ်ထားသော ဆေးဝါးများအကြောင်းပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းနှင့် စာအုပ်စာပေများပြသထားလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမသို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု့ကြသည့် ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)