တာမိုးညဲမြို့ လူထုအခြေပြု​ဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ

တာမိုးညဲ မတ် ၂၃

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့် ပူးပေါင်း၍ ယမန်နေ့ ၁၀ နာရီ အချိန်က ဒေါက်တာမတင်ဝင်းရေးသားသည့် “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ ဥက္ကဋ္ဌဒေါ်ချောစုမြင့်က “အလုပ်ဆိုတာ အင်အားပါ​”ခေါင်းစဥ်ထဲမှ ဗဟုသုတရစေမည့်အကြောင်း အရာများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းဝင်များက “အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင် အများနဲ့ပြေလည်အောင် ဆက်ဆံတတ်ပါစေ”ခေါင်းစဥ်ဖြင့်စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 တာမိုးညဲ(ပြန်/ဆက်)