ကော့မှူးတွင် စာကြည့်တိုက်ဆိုင်ရာဆွေးနွေးပွဲနှင့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ

ကော့မှူး မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ လှုဒါန်းသည့်စာအုပ်‌စာ‌ စောင်များကို ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့် တိုက်(၂)တိုက်အား စာအုပ်စာစောင်များ ထပ်ဆင့်လှူ ဒါန်းပွဲနှင့်စာကြည့်တိုက်ဆိုင်ရာ‌ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင် (မြိုင် တင်လှိုင်) က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်တို့က မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်‌လက်၍ တက်ရောက်လာကြသည့် ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသည့် အစီအစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှု‌ ကော်မတီမှလှူဒါန်းသော စာအုပ်စာစောင်များကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များက‌ ထပ်ဆင့်လှူဒါန်းရာ မှော်တောကျေးရွာကျေးလက်လမင်း စာကြည့်တိုက်မှူးနှင့် ဝါးသင်္ခ အထက်ကျေးရွာမှ ရှုခင်းသာစာကြည့်တိုက်မှူးတို့က အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

ကျော်သူရ