ထားဝယ် ဧပြီ ၂၅
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပလတ်စတစ် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်၊။
ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က လူသားများ၏ မဆင်မခြင်လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များတဖြည်းဖြည်း ပျက်စီးယိုယွင်းလျှက်ရှိနေကြောင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးစေသည့် ပြဿနာများအနက် အဖြူရောင် (White Pollution) ဟုခေါ်သည့် ကြွပ်ကြွပ်အိတ်(ခ)ပလတ်စတစ် အိတ်ပြဿနာသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အမှိုက်နှင့်ကြွပ်ကြွပ်အိတ် စနစ်တကျစွန့်ပစ်ရေးနှင့် ပတ်သက်၍ သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မိုရ်ဇော်က အမှိုက်နှင့်ကြွပ်ကြွပ်အိတ် စနစ်တကျစွန့်ပစ်ရေးအကြောင်း၊ စွန့်ပစ်အမှိုက် အမျိုးအစားများအကြောင်း၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှုနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း၊ စွန့်ပစ်ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်နှင့် ပတ်သက်၍ အများပြည်သူများသိရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း မရှိစေရေးအတွက် အသိပညာပေးဆိုင်းဘုတ်ပိုစတာ စိုက်ထူထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ရှင်းလင်းဆွေးနွေးပြောကြားပေးပါသော ဒေါ်မြင့်မိုရ်ဇော်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)