ပုဇွန်တောင် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Club များ ပူးပေါင်း၍ ကိုဗစ်အသိပညာပေးနှင့် လျှပ်စစ်ဓာတ်အားခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ Book Club၊ Woman Club နှင့် Youth Club အဖွဲ့ဝင်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်း၍ ကိုဗစ်အသိပညာပေးနှင့် လျှပ်စစ်ဓာတ်အားခြိုးခြံချွေတာရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ ပုဇွန်တောင်မြို့နယ်မှ Book Club၊ Woman Clubနှင့် Youth Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်