ကရသူရိ ဧပြီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ လူငယ်၊ လူရွယ်များ အသိပညာဗဟု သုတရရှိရေး အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်ဘုတ်ပြသခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်အေးအေးသန်းက ပူးပြင်းသောရာသီတွင် အရိပ်ရ၍ အေးမြသော နေရာများတွင်သာ နေထိုင်ကြရန်၊ နေ့ခင်း၊ နေ့လည်အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းသွားလာကြရန်နှင့် ရေများများသောက်ပေးကြရန်စသည့် ကြိုတင်ကာကွယ်ရေးနည်းများကိုလည်းကောင်း၊ ရှောင်ကြဉ်ရန်အချက်များဖြစ်သည့် နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူးပြင်သည့်နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်း စသည့်တိုကို ဟောပြောပြီး စာအုပ်/စာစောင်များနှင့် နံရံကပ်ဘုတ်များကို အသိပညာဗဟုသုတရရှိရေး ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြုလုပ်ခြင်းသည် ရာသီဥတုပူပြင်းသည့်အတွက် လူငယ်/လူရွယ်များ ကျန်းမာရေးဆိုင်ရာ အနေဖြင့်သော်လည်းကောင်း၊ လိုက်နာရမည့် အချက်များအားလည်းကောင်း ကြိုတင်ကာကွယ်နေထိုင်ခြင်းဖြင့် အပူဒဏ်အန္တရာယ်ကင်းဝေးနိုင်ရေး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)