တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသမီးများအသင်း (Women Club)နှင့် လူငယ်များအသင်း (Youth Club) ဖွဲ့စည်းခြင်း အစည်းအဝေးကျင်းပ

တောင်ငူ ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများအသင်း(Women Club)နှင့် လူငယ်များအသင်း (Youth Club)ဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ ခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေးမိုးမှ အမျိုးသမီးများအသင်း(Women Club)နှင့် လူငယ်များ အသင်း (Youth Club) ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ မိတ်ဆက်ဆွေးနွေးကြပြီး လူငယ်များအသင်း(Youth Club)ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသမီးများအသင်း (Women Club)ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို ရွေးချယ်ဖွဲ့စည်းခဲ့ကြသည်။

အမျိုးသမီများအသင်း(Women Club)ကို အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတ မြင့်မားရေးအတွက်လည်းကောင်း၊ အမျိုးသမီး အခွင့်အရေးများ ကာကွယ်ရေးနှင့်လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း၊ အမျိုးသမီးအသင်း(Women Club)များ ဖွဲ့စည်း၍ အမျိုးသမီးနှင့် ကလေးသူငယ်ဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်ပေးရန်နှင့် လူငယ်အငယ်အသင်း(Youth Club)အသင်းကို လူငယ်များ၏အသိပညာမြင့်မားရေး၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရေးနှင့် ရပ်ရွာအရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ရေးအတွက် ဝါသနာတူလူငယ်များစုစည်း၍ လူငယ်အသင်း (Youth Club) များဖွဲ့စည်းတည်ထောင်ကာ လူငယ်များအရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)