သထုံမြို့နယ်၌ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲပြုလုပ်

သထုံ ဧပြီ ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာမြေကြီးကို ထိန်းသိမ်း စောင့်ရှောက်ကြပါစို့”ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသန်းက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသော်ထူးပိုင်က ဦးဆောင်ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် လူသားနှင့်သဘာဝပတ်ဝန်းကျင်တို့၏ ဆက်သွယ်မှု၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုများနှင့်အတူ ပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်များ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လူတစ်ဦးချင်းစီအလိုက် လုပ်ဆောင်နိုင်သည့် နည်းလမ်းများ၊ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် လူသားများ အပါအဝင် သက်ရှိလောကအားလုံးတို့အတွက် အေးချမ်းသာယာသည့် ဝန်းကျင်အဖြစ် ဖန်တီးနိုင်မှုများ စသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာများတို့ကို အပြန်အလှန်မေးမြန်း၊ ဖြေဆို၊ တင်ဆက်ခဲ့ကြသည်။

သထုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာန ခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)