ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌​​​ အပူရှပ်ခြင်းအကြောင်း သိ‌‌‌ကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ဗဟန်း ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ​အပူရှပ်ခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယမန်နေ့၊နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သော်တာဝင်းပြည့်နှင့် စာရေးဆရာမ မြသက်နွယ်တို့က အပူရှပ်ခြင်းဖြစ်ရခြင်း အကြောင်းအရာများ၊ အပူရှပ်ခြင်း ခံစားရလျင်ပြတတ်‌သော ရောဂါလက္ခဏာများ၊ အပူရှပ်ခြင်းခံစားရသူများကို အရေးပေါ်ကုသနည်းများနှင့် အပူမရှပ်‌အောင် ကာကွယ်နေထိုင်ရမည့် နည်းလမ်းများ အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး