ကျေးလက်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ သန်လျင်၌ကျင်းပ

သန်လျင် ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များအား သန်လျင်မြို့နယ်အတွင်းရှိ ကျေးလက်စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲ နှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြိုရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပသည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စည်းကမ်းစနစ်ကျသော စာကြည့်တိုက်ကောင်းများ ဖြစ်ပေါ်စေရေးတို့အတွက် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီအားပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်တာဝန်ခံများအနေဖြင့် စာဖတ်သူ တိုးပွားရေး၊ စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးတို့အတွက် ရပ်ကွက်ကျေးရွာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် အမြဲမပြတ်ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်၊ ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်း(ဝင်းသီဟ-သန်လျင်)က ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးကေးအတွက် ကွင်းဆင်းဆောင်ရွှက်နေမှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက်တက်ရောက်လာကြသော ကော်မတီဝင်များက အကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များကို သန်လျင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်း(ဝင်းသီဟ-သန်လျင်)က ရပ်ကွက်ကျေးရွာ စာကြည့်တိုက်တာဝန်ခံများအား ထပ်ဆင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)