ဝေါ ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့် အချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးကျော်ဆန်းဝင်းက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များ၊ သတိပြုရမည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေးနွေးပြောကြားကာ စားသုံးသူ ပြည်သူများ ထုတ်ကုန်ပစွည်းများ သုံးစွဲသည့်အခါ အခက်အခဲများရှိပါက တိုင်းဒေသကြီး၊ ခရိုင်များတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)များ၊ Website၊ Facebook Page၊ Call Center များသို့ တိုင်ကြားနိုင်ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)