သန်လျင်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များပေးအပ်လှူဒါန်း

ရန်ကုန် မတ် ၁၀

သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်သူတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် အများပြည်သူဖတ်ရှုလေ့လာနိုင်ရေးအတွက် ဦးစံမြင့် (အငြိမ်းစား) ရေနံမှ သုတ၊ ရသ စာအုပ် (၄၀) အုပ်ကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် သန်လျင်မြို့နယ် အမှတ် (၃၉)၊ ရွှေရည်လမ်း၊ မြို့မတောင်ရပ်ကွက်နေ ဦးစံမြင့် (အငြိမ်းစား) ရေနံက သုတ၊ ရသ စာအုပ် (၄၀) ကို ပေးအပ်လှူဒါန်းရာ သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ အချိန်မပေးနိုင်သူများအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာများသို့ အပတ်စဉ်လိုက်လံငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)