ကျိုင်းတောင်းမြို့ (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကျိုင်းတောင်း မေ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊  ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန် ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ ပြိုင်ပွဲကျင်းပရခြင်း အကြောင်းအရာများ၊ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်း များကို ပြောကြားဆောင်ရွက်ပြီး အဆိုပါပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုအသီးသီး ချီးမြှင့်ပေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ် ဓာတ်ပုံ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်စားစွာလေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

သီဟ ( ပြန်/ဆက် )