ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသိပညာပေး(Talk Show) ကျင်းပပြုလုပ်

ချမ်းမြသာစည် မေ ၁၁   

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် လူကုန်ကူးမှုအန္တရာယ်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးခံရမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်းတို့ကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း၊ စာရေးဆရာမသင်းသင်း(မန္တလာ)နှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်စွာ(ချမ်းစည်)