သဲကုန်း မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများနှင့် အများပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များအား ပြသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး သိကောင်းစရာများ၊ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် သတိပြုလိုက်နာရမည့်အချက်များ၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအချက်များ၊ ပူပြင်းသော အချိန်ကာလရောက်ရှိလာပြီဖြစ်သည့်အတွက် ကလေးငယ်များတွင် အပူဒဏ်ကြောင့်ဖြစ်သော ရောဂါများ၊ စသည့်အချက်များ ပါဝင်သော နံရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)