တောင်ငူမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်ငူ မတ် ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်အေးနှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ အ.ထ.က () စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် (၂၇-၃-၂၀၂) ရက်နေ့ (၈၀) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ကဗျာဆရာ ဇော်မင်းမင်းဦးရေးသားသည့် “အားသစ်စေကြောင်း ပြည့်သားကောင်း” ကဗျာ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်၊ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆောင်ပုဒ်စသည့် အချက်များပါဝင်ပြီး သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ အခမဲ့ထုတ်ဝေခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)