ရေတာရှည် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲတို့ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရပ်ကွက် (၁) စာကြည့်တိုက် လောကအလင်း စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ပြီး သုတ/ရသ စာအုပ်များအပြင် ကလေးစာပေများဖြင့် ပညာရပ်စုံလင်စွာ ခင်းကျင်းပြသထားပြီး နံရံကပ် စာစောင်ပြပွဲ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်ဖြင့် ခင်းကျင်းပြသခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)