ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား

ခရမ်း မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) သို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၅) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ်လ (၄) ရက်နေ့မှ (၁၇) ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီခွဲအချိန်မှ (၁၁) နာရီခွဲအချိန်အထိ သင်ကြားပို့ချ‌ပေးလျက်ကြောင်း သိရသည်။

သင်တန်းတွင် နည်းပြဆရာ ပန်းချီပညာရှင် ပန်းချီ-ဌေးဝင်း (မြန်မာ့ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး မြို့နယ်ဒုဥက္ကဋ္ဌ) က ပန်းချီရေးဆွဲရာတွင် အခြေခံရမည့်အချက်များ၊ မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မတ်မျဉ်း၊ စက်ဝိုင်းပုံ၊ တြိဂံပုံ စသည့်တို့ကို အခြေခံတည်ဆောက်ရေးဆွဲမည့် အကြောင်းအရာများနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ ဆက်လက်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)