နယ်ရုံးများ၏သတင်းများ

Mar 17,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ကလေးငယ်များအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ခေါက်သင်တန်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
Mar 17,2023
ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စဉ့်ကိုင်မြို့နယ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ တံတားဦးမြို့နယ်ဦးစီးအရာရှိ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
Mar 17,2023
သံတွဲခရိုင်၊ ငပလီမြို့တွင် ၂၀၂၃ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲ (၁၂)နာရီအချိန်က ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အ.ထ.က ငပလီ စာစစ်ဌာန၌ ပထဝီဝင် ဘာသာရပ်ဖြေဆို​ပြီးချိန်တွင် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 17,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့) ဖြန်ဝေခြင်းကို ယမန်နေ့ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တက္ကသိုလ်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ ကျောင်းသူများ အား (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။
Mar 17,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ စာပေများအလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ဝန်ဆောင်မှုပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။