ရွှေပြည်သာ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများပူပေါင်း၍ ယနေ့နံနက် (၁၁) နာရီအချိန်က Community Center ခန်းမ၌ စာရေးဆရာအောင်သင်းရေးသားထားသော အားနေသောလက်များစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများမှ ဆရာအောင်းသင်းရေးသားထားသော အားနေသောလက်များစာအုပ်မှ လောကနီတိလမ်းညွှန်အတိုင်း မိမိအားနေသောစိတ်၊ အားနေသောလက်များကို အလကားမထားထူးခြားစွာဖြင့် သုံးစွဲနေသော ယနေ့ခေတ်လူငယ်များသည် အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံကို ဦးဆောင်ဦးရွက်ပြုသည့် လူကြီးများဖြစ်လာကြပေလိမ့်မည်တို့ကို ဖတ်ကြားဆွေးနွေးခဲ့သည်။
နေမျိုးထွန်း(ပြန်/ဆက်)