မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မိုးနဲ မေ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ မြို့နယ်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းသား/သူလေးများ ကျောင်းတွင်းပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌လည်း ပါဝင်ယှဥ်ပြိုင်လိုစိတ်ရှိစေရန်နှင့် လူအများရှေ့တွင် အပြောစွမ်းရည် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး Grade-6 မှ ကျောင်းသူ မကြယ်စင်ရွှေက မြဟန်သိမ်းမောင်ရေးသားထားသော ကျေးဇူးသိတတ်သော ခြင်္သေ့မင်းပုံပြင်နှင့်လည်းကောင်း၊ ကျောင်းသူ မခင်သီရိဝင်းက မှတ်သားဖွယ် ကမ္ဘာကျော်ပုံပြင်များစာအုပ်ထဲမှ “လင်းယုန်နဲ့ ပိုးကောင်မာ”ပုံပြင်နှင့် လည်းကောင်း၊ Grade-5 မှ နန်းစုလတ်ဖြူစင်က မြဟန်သိမ်းမောင်ရေးသားထားသော “ခွေးစကားကျားယုံ” ပုံပြင်နှင့်လည်းကောင်း  အသီးသီး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)