နယ်ရုံးများ၏သတင်းများ

Mar 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်းစာစောင်များကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများအား မြိတ်ခရိုင်ရုံး ဝန်ထမ်းများက ယမန်နေ့က စာဖြေဆိုပြီးချိန်တွင် ဝေငှပေးခဲ့ကြသည်။
Mar 16,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ‌ နွေရာသီအင်္ဂလိပ်စာ Grammar ရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ နေ့လည်ပိုင်းက အထက်တန်းဆင့်လူရည်ချွန်ဆုရ ကျောင်းသားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် (၁၁) နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပသည်။
Mar 16,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီမြန်မာ့ရိုးရာအခြေခံ ခြင်းလုံးခတ်နည်းသင်တန်းကို ကျင်းပခဲ့သည်။
Mar 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Women Club)နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ဆောင်ရွက်ခဲ့သည်။