နယ်ရုံးများ၏သတင်းများ

Mar 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအား ယနေ့နံနက်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 17,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း ဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၁၂ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကလေးအလုပ်သမား‌ပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
Mar 17,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ရေနံဝန်းနှင့် တောင်သာရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
Mar 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်မားရေးအတွက်ရည်ရွယ်၍ ဌာနဆိုင်ရာများသို့ နယ်လှည့်စာအုပ် ငှားရမ်းပေးခြင်းကို ၂၀၂၃ ခုနှစ် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီခွဲက စာရေးဆရာကျော်ကျော်လှိုင်၏ “လူတွေရဲ့ချစ်ခင်မှုကိုရအောင်” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Mar 17,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။
Mar 17,2023
သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး​ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Mar 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယနေ့နံနက် (၁၁)နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ရပ်ကွက်(၂) ၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။