ညောင်လေးပင်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ

ညောင်လေးပင် မေ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဥ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သစ်တောဦးစီးဌာနမှ တောခေါင်း ဦးမျိုးမြင့်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် သစ်ပင် စိုက်ပျိုးခြင်းသည် အရေးပါကြောင်း၊ သစ်တောများပြုန်းတီးခြင်းကြောင့် မိုးခေါင်ခြင်း၊ အပူလွန်ကဲခြင်း၊ ဂေဟစနစ်ပျက်စီးခြင်းများဖြစ်နိုင်ကြောင်း၊  ပလက်စတစ်သုံးစွဲခြင်းအားလျော့ချရန် ပလက်စတစ်အစားထိုးပစ္စည်းများကို သစ်တော၊ သစ်ပင်များမှရရှိနိုင်ကြောင်းစသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် သက်ဆိုင်သောအကြောင်းအရာများအား ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်