နောင်ချိုမြို့နယ်တွင် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

နောင်ချို မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းကို  ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင် ရုံးလုပ်ငန်းတာဝန်များကို  တာဝန်ယူ ဆောင်ရွက်နေကြသော နိုင်ငံ့ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရုံးလုပ်ငန်း၏ အဓိပ္ပာယ်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝင်းမာအေးက ပြီးပြည့်စုံသော ရုံးလုပ်ငန်းနှင့် ဝင်စာများကိုအရေးယူ ဆောင်ရွက်ခြင်းတို့ကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းကို ဝန်ထမ်းကျင့်ဝတ်စာအုပ်၊ ရုံးလုပ်ငန်းလက်စွဲစာအုပ်၊ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်၊ နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေစာအုပ်၊ စာကြည့်တိုက် အခြေခံဆင့်ပွားသင်တန်းစာအုပ်များဖြင့် နှစ်ပတ်လျှင် တစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)