တောင်ငူ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး”အသိပညာပေး TALK SHOW ကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေး TALK SHOW တွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် တောင်ငူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဆွေတို့က ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာ၊ White Popullution (အဖြူရောင် ညစ်ညမ်းမှု)၊ ပလတ်စတစ်ဆိုတာဘာလဲ၊ ပလတ်စတစ်ဆိုတာ ဘယ်အရာကနေ ပြုပြင်ထုတ်လုပ် ထားသလဲ၊ မိုက်ခရိုပလတ်စတစ်အကြောင်း၊ မိုက်ခရိုပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေးအခြေအနေများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်များနှင့် ဆိုးကျိုးများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းထွက်ရှိမှု လျော့နည်းအောင်လျော့ချနိုင်တဲ့ နည်းလမ်း (၅)သွယ်၊ လျော့ချနိုင်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ၊ တောင်ငူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ပလတ်စတစ်နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ စသည်တို့ကို ဆွေးနွေး ခဲ့ကြသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Showမှ ဆွေးနွေးချက်များအား တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်