သင်္ဃန်းကျွန်း မေ ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး Community Centre ခန်းမ၌ ယနေ့နံနက်(၁၁) နာရီအချိန်က လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲဝင်စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)တို့မှ ယနေ့လူငယ်လူရွယ်များ၏စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်၊ မူးယစ်အန္တရာယ် မကျရောက်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)