နယ်ရုံးများ၏သတင်းများ

May 18,2023
ကျောင်းသားလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 18,2023
ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာကြီးသည် ရေ၊ မြေ၊ လေထုနေရာ အနှံ့အပြားတွင် သက်ရှိအားလုံးအတွက် နှစ်အကန့်သတ်မဲ့ နေထိုင်ခွင့်၊ အကန့်သတ်မဲ့ ဦးရေတိုးပွားခွင့်များနှင့်အတူ ကောင်းမွန်သော ရာသီဥတု လက်ဆောင်ပေးထားခဲ့သည်။ ကမ္ဘာကြီးပေါ်တွင် စိမ်းစိုလန်းဆန်းခြင်း၊ အပူအအေးညီမျှခြင်း၊ ရေကောင်းရေသန့်နှင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးထားခဲ့သော်လည်း လူသားများ၏ မဆင်မခြင်ပြုမူ နေထိုင်မှုများကြောင့် ကမ္ဘာကြီးသည် ပူနွေးလာခြင်း ဂေဟစနစ်များ ပြောင်းလဲလာပြီးသဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအကြောင်း အသိပညာပေး Talk Show အား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 18,2023
ကရင်ပြည်နယ်၊မြဝတီခရိုင်၊ စုကလိမြို့ တာနောထကျေးရွာတွင် ယခုအခါ ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
May 18,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီက ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက လူငယ်နှင့်ရည်မှန်းချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သုတ/ရသ စာအုပ်စာစောင်များကို ယနေ့ နံနက် ၁၁နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။