နယ်ရုံးများ၏သတင်းများ

May 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ၊စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာများ(ကလောင်စုံ)၏ လူငယ်များ၏ မိုးကောင်းကင် စာအုပ်မှ ဆရာမနန်းမိုခမ်း၏ ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
May 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဝါသနာတူကလပ်အသင်းများဖြစ်သည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ လူငယ်အသင်း(Youth Club)များ ဖွဲ့စည်း၍ ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ Women Club အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
May 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉)နာရီက အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ သိသင့်သိထိုက်သော လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်အား လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသထားလျက်ရှိသည်။
May 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်ခန့်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်သည်။
May 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ အသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
May 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က မျိုးဆက်သစ်ကလေးသူငယ်များ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာစေရန်ရည်ရွယ်၍ ကလေးသူငယ်များဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။