မန်တုံ မေ ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး ခေါင်းစဉ်ပါ စာအုပ်မှ စာရေးဆရာ မောင်လွင်မွန်(ကသာ) ရေးသားထားသော စာဖတ်ခြင်းဆောင်းပါးရှိ စာဖတ်ခြင်းသည် လူအများစုတွင် ခုံမင်စွဲလမ်းတတ်သော ဝါသနာတစ်ခုဖြစ်ပါကြောင်း၊ စာဖတ်ခြင်းသည် ဗဟုသုတကိုသာ ရရှိစေသည်မဟုတ်ဘဲ စိတ်ယဉ်ကျေးမှုကိုလည်း တိုးတက်ပြောင်းလဲ စေနိုင်ကြောင်း၊ စာကောင်းစွာဖတ်တတ်သည်ဆိုသည်နှင့် မိမိတို့သိရှိ လေ့လာလိုသော အကြောင်းအရာများကို လွယ်လင့်တကူ လေ့လာသိရှိနိုင်မည် ဖြစ်ကြောင်း ဦးစွာပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က စာရေးဆရာ ထက်မြက်ရေးသားထားသော စာဖတ်ခြင်းအကျိုးမှ စာဖတ်ခြင်းအကျိုး ခံစားရတဲ့ ဖိုးရာဇာအမတ်ကြီးအကြောင်း၊ စာဖတ်ခြင်း ဆိုတာကျောင်းကသင်တဲ့စာကို လှည့်ဖတ်တာကိုမရည်ညွှန်းပါကြောင်း၊ ကျောင်းစာလုပ်ပြီးတဲ့ အခါ၊ စာကျက် ပြီးတဲ့အခါအပြင်သွားပြီးလည်ပတ်တာ မျိုးမလုပ်တော့ဘဲ စာအုပ်ကောက်ကိုင်ပြီး ဖတ်ရတဲ့အရသာဟာအလွန် ကောင်းမွန်ကြောင်း အစရှိသဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြပါသည်။
မန်တုံပြန်/ဆက်