ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကမ္ဘာ့ကြေးနန်း ဆက်သွယ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ကြည့်မြင်တိုင် မေ ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယ​နေ့နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့ကြေးနန်းဆက်သွယ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး  Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ဒေါ်ရည်ရည်မွန်နှင့် ဒေါ်ဇွန်နဒီလှိုင်တို့က ကြေးနန်းဆက်သွယ်​ရေးအ​ကြောင်း၊ ကြေးနန်းကြိုးဖြင့် ခရီးဝေးဆက်သွယ်ရေးပစ္စည်းများဖြင့် ဆက်သွယ်ပြောဆိုရေးသားဆောင်ရွက်ရသည့် အကြောင်းအရာများနှင့် ကြေးနန်းဆက်သွယ်ရေးစနစ် တိုးတက်ပြောင်းလဲလာပုံများ စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)