လှည်းကူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေး

လှည်းကူး မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က လှည်းကူးမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပရိသတ် ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေခြင်း၊ စသည့်စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေး‌အခေါ် ပိုမိုကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ်အလှည့်ကျ စာအုပ်/စာစောင်များ ကွင်းဆင်း၍ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)