ကမာရွတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကမ္ဘာ့ကြေးနန်းဆက်သွယ်ရေးနေ့ အထိမ်းအမှတ်အသိပညာ​ပေး​​​ Talk Show ကျင်းပ

ကမာရွတ် မေ ၁၈

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကမ္ဘာ့ကြေးနန်းဆက်သွယ်ရေးနေ့ အထိမ်းအမှတ်အသိပညာ​ပေး ​ Talk Show ကို ယမန်​နေ့၊ ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒေါ်ခင်​ကျော့ဝင်းနှင့်​ ဒေါ်တင်သီတာထွန်းတို့က ကြေးနန်းကြိုးဖြင့် ခရီးဝေးဆက်သွယ်ရေးပစ္စည်းများဖြင့် ဆက်သွယ်ပြောဆို ရေးသားဆောင်ရွက်ရသည့် အကြောင်းအရာများနှင့် ကြေးနန်းဆက်သွယ်ရေးစနစ် တိုးတက်ပြောင်းလဲလာပုံများစသည့်တို့ကို အသိပညာ​​ပေး​ ဆွေးနွေးခဲ့ကြသည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်ရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)