မုံးကိုး မေ ၁၈
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များအတွက် အလွယ်တကူစာအုပ်ကိုဖတ်ရှုနိုင်ရန် ရက်ကွက်အတွင်းသို့ ယခုလတွင် သုတ၊ရသစာအုပ်များကို ငှားရမ်းပေးခဲ့သည်။ ထိုသို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရက်ကွက်အတွင်းရှိ ကလေးလူငယ်လူကြီးမရွေးစာပေး ဖတ်ရှူနိုင်ရန်အတွက် သွားရောက်သောအခါ ရက်ကွက်သူရက်ကွက်သားများက ဝမ်းမြောက်စွာ လက်ခံပြီးနောက်လများတွင် လည်လာရောက်နိုင်ရန် ဖိတ်ခေါ်ကြောင်းကိုပါ သိရှိခဲ့ရပါသည်။ ထို့နောက် ယခုလကရွေ့လျား စာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို နောက်လတွင် ပြန်လည်သိမ်းဆည်းမည် ဖြစ်သည်။ မုံးကိုးမြို့ ပြန်/ဆက်ဝန်ထမ်းများက လစဉ် စျေးနှင့်ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)