နယ်ရုံးများ၏သတင်းများ

Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community   Centre)ခန်းမတွင် ယနေ့နံနက် ၁၀:၃၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(BookClub)အဖွဲ့နှင့်  စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။  အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်  လူငယ်နှင့် ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Book  Club အဖွဲ့ နာယက ဆရာကြီး ဦးကျင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။
Mar 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre)၌  ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၀၉:၀၀)အချိန်က  အခြေခံပန်းချီ ရေးဆွဲနည်း (အခမဲ့)သင်တန်းကို စတင်ဖွင့်လှစ်​သင်ကြားပေးလျက်ရှိသည်။
Mar 19,2023
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတက်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက Community Center ခန်းမ၌ ကျင်းပခဲ့သည်။
Mar 19,2023
နိုင်ငံတော်မှလူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီပညာရေး ကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
Mar 19,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံ (Video Editing) သင်တန်းကို မတ်လ ၁၇ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
Mar 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁:၀၀)နာရီတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား လူငယ်များ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိစေရန် စာပေဖတ်ရှု့သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲအား ကျင်းပခဲ့သည်။