ရွှေကျင် မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ အသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များကိုပြောကြားပြီး စာအုပ်တွင် ပါရှိသော လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်၊ လူငယ်နဲ့ခုခံအားအခန်းကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဦးလှသောင်းက လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့အကောက် ကြံခြင်း အခန်းကိုလည်းကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်ခင်ဌေးက လူငယ်နဲ့ လိုအပ်ချက် များ၊ လူငယ်နဲ့လူသားအသိအခန်းကိုလည်းကောင်း၊ ဒေါ်ထွေးကြည်က လူငယ်နဲ့လမ်းရိုး၊ လူငယ်နဲ့ကျန်းမာရေးအခန်းကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများဖြစ်သည့် လူမှုဘဝ အတွေ့အကြုံများ၊ အပြောအဆို အနေအထိုင်များနှင့်သုတ/ရသ ရရှိပုံများကို ချပြဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိစေသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူး များကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)