ဗန်းမောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး နံရံကပ်စာစောင်ပြပွဲပြုလုပ်

ဗန်းမောက် မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်ခန့်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်သည်။

အဆိုပါ ပြပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၅) ရက်‌နေ့တွင် ကျရောက်မည့် "ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့"အထိမ်းအမှတ်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် "ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" ခေါင်းစဉ်အပါအဝင် သဘာဝပတ်ဝန်း ကျင်နှင့် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်လျှော့ချ ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်တီထွင်အသုံးချခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှု အကြောင်း အရင်း၊ သက်ရှိနှင့် ပတ်ဝန်းကျင်အမျိုးမျိုး၊ စနစ်တကျအမှိုက်စွန့်ပစ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ်အသုံးပြုမှု ဆိုင်ရာ လိုက်နာ‌ဆောင်ရွက်သင့်သည့် နည်းလမ်း(၅)ခု စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို အသိ ပညာပေး ပြသခဲ့ပြီး ပြည်သူ့စာကြည့်တိုက်သို့ စာငှားစာဖတ် လာရောက်ကြသူများနှင့် ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

မေသူ(ဗန်းမောက်)