နယ်ရုံးများ၏သတင်းများ

Mar 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)တွင်လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်း သိကောင်းစရာအသိပညာပေး Talk Show အစီအစဉ်အား ယမန်နေ့ကဆောင်ရွက်ခဲ့သည်။
Mar 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စေတနာရှင်၊ အလှူရှင်များက စုပေါင်း၍ တပေါင်းလတွင် ကုသိုလ်တရားများ ရရှိစေရန်နှင့်ပြည်သူများ စားသုံးနိုင်စေရန်အတွက်  စတုဒီသာဧည့်ခံကျွေးမွေးခြင်းကို ယမန်နေ့ ‌မွန်းလွဲ(၂)နာရီက စတင်၍ လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ အာဇာနည်လမ်းမကြီးဘေး၌ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
Mar 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာညီညီနိုင်ရေးသားသော "လူဆိုတဲ့လူ အစွမ်းအစရှိတဲ့လူ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း  လူငယ်လူရွယ်များ ယာဉ်အန္တရာယ် ကင်းရှင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ရည်ရွယ်၍ ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ လူငယ်များသိသင့်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ကျင်းပပြုလုပ်ရာ လူငယ်လူရွယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် FREC နွေရာသီအင်္ဂလိပ်စကားပြောသင်တန်း တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ အပါအဝင် စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ကြသည်။
Mar 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်(အကြို) သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီအချိန်က ကာလိမြို့ မြို့မဈေးနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ညနေ ၃ နာရီတွင် အခြေခံ ပန်းချီဆွဲနည်းသင်တန်းကိုလည်းကောင်း၊ ၎င်းညနေ ၄ နာရီတွင် အခြေခံ အင်္ဂလိပ်စာသင်တန်းကိုလည်းကောင်း စတင်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
Mar 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကိုပိုမို စိတ်ပါဝင်စားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြီး ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံတော်ကိုအကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက တိုက်ကွမ်ဒိုနှင့် အေရိုးဗစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။