ကျိုက်ထိုမြို့‌နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့‌နေ့ကို ကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ရေလှူဒါန်း‌ခြင်း ဆောင်ရွက်

ကျိုက်ထို      မေ      ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့‌နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့‌နေ့ကို ကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ရေလှူဒါန်း‌ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ရုံး ရှေ့နှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ရေလှူဒါန်း‌ပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးရဲညွန့်‌ထွေး၏ ဦးဆောင်မှုဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်မီးသတ်ရုံး‌ရှေ့၌ နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့ (Poster) စိုက်ထူပြီး မြို့ပေါ် ရပ်ကွက်များသို့ ဂါလံ ၁၆၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် မီးသတ်ဦးစီးဌာနအနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံးရေကန်များနှင့် ရေရှားပါးရာနေရာများသို့ နှစ်စဉ် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း ဆက်လက်၍လည်း ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျိုက်ထိုပြန်/ဆက်