ဒိုက်ဦး မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါ နှင့်ဆီးလမ်းကြောင်းရောဂါစသည့် သက်ဆိုင်ရာအထူးကုဆရာဝန်များကလည်း တစ်လလျှင် တစ်ကြိမ်လာရောက်၍ မေတ္တာဖြင့် ကုသပေးကြပြီး အသည်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်းအခမဲ့ပေးလှူပြီး အသည်းရောဂါ ကာကွယ်ရေးအတွက်ယနေ့မှစ၍ အပတ်စဥ် အသည်းရောင်အသားဝါဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
စိုးထက်ကျော်(ပြန်/ဆက်)