ရွှေတောင် မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရွှေတောင်မြို့နယ်မီးသတ်ဦးစီးရုံး/စခန်းရှေ့၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း၊ မြို့နယ်အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးအေးမြင့်တို့က ဦးဆောင်၍ အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူပြီး အမွေးနံ့သာရည်များ ပက်ဖျန်းခြင်းကို တပ်ဖွဲ့၀င်များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)