နယ်ရုံးများ၏သတင်းများ

Apr 06,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 06,2023
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်များခင်းကျင်းပြသခြင်းကို ဧပြီ ၅ ရက်၊ နံနက် ၁၁ နာရီ အချိန်က ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။
Apr 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန် နေ့နေ့လယ်(၂)နာရီအချိန်က ကျောင်းသူ/ကျောင်းသားများအား ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ၏ လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်ဈေးကောင်းရရှိကြောင်း သိရသည်။
Apr 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 06,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်တပ်ဖွဲ့ဝင်များသည် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၏ လမ်းညွှန်မှုအရ ဧပြီလ ၅ ရက် နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် မီးဘေးအန္တရာယ်
Apr 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Apr 06,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရသေ့တောင်မြို့မှ စားသုံးဆီကိုယ်စားလှယ် ဦးထွန်းမြနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့်