နယ်ရုံးများ၏သတင်းများ

Apr 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌    (Book  Club)အသင်း နှင့် (Women  Club)တို့ ယမန်နေ့က စာရေးဆရာ ချစ်စံဝင်းရေးသားသည့် အချိန်ကို မိတ်ဆွေဖွဲ့ပါ ရန်သူမလုပ်ပါနှင့် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနနှင့် စိုက်ပျိုးရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီ အချိန်က လိပ်သိုမြို့ (Community Centre) ခန်းမ၌ “ တိုးချဲ့စိုက်ပျိုးသင့်သည့် မြန်မာ့ကော်ဖီ ” ခေါင်းစဉ်ဖြင့် အသိ ပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် ကျောင်းသား/သူလူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက
Apr 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံပန်းချီပညာကိုလေ့လာသင်ယူတက်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ ပဉ္စမအကြိမ်မြောက် နွေရာသီ အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သင်ခန်းစာ ဆန်းစစ်မှု ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နဲ့ အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2023
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မတ်လ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော English Grammar Training သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 06,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေနံနက်(၉)နာရီက ကျင်းပခဲ့သည်။