နယ်ရုံးများ၏သတင်းများ

Apr 14,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ဆဋ္ဌမအကြိမ်မြောက် ဘုရားရေသပ္ပာယ်ပူဇော်ပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရင်ပြင်၌ ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ ကြောင်း သိရသည်။
Apr 14,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် မြို့နယ်ရေကစားမဏ္ဍပ်ကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အရှေ့ဘက်တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Apr 13,2023
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 10,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူများပြားခဲ့ကြောင်း သိရသည်။
Apr 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့်စာအုပ်စာစောင် များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။   
Apr 08,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက် ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝန်ထမ်းများအား သွားရောက် ငှားရမ်းပေးခဲ့သည်။
Apr 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန Community Center) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။