ကွတ်ခိုင် ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို (Talk Show) ကို ယမန်နေ့ နေ့လယ်(၁:၃၀)နာရီ အချိန်က ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show)ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ကြဉ်ရမည့် အချက်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က မူးယစ်ဆေးဝါး၏ သမိုင်းကြောင်းနှင့် သုံးစွဲပုံအဆင့်ဆင့်ပြောင်းလဲလာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှု၊ ရရှိလာမည့် ဆိုးကျိုးများ စသည့်အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အသိပညာပေးလုပ်ငန်းမျာကို သိရှိနိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွတ်ခိုင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show)များ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)