နယ်ရုံးများ၏သတင်းများ

May 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ ပိတောက်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီးလမ်းဆုံရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်မြေစိုက်ဘုတ်တွင် ယမန်နေ့ ညနေ(၄း၃၀)အချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကြိုတင်သတိပေးနှိုးဆော်စာများနှင့် သဘာဝမုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို  ပြ‌သဆောင်ရွက်ခဲ့သည်။
May 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မျိုးဆက်သစ် လူငယ်လူရွယ်များသည် မြန်မာ့ယဉ်ကျေးမှုကိုနားလည်၍ လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ ယမန်နေ့က မွန်းလွဲ (၃)နာရီတွင် ရပ်ကွက်-၂ သူကြီးအိမ်၌ နယ်လှည့်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ
May 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ  (Community  Centre ) ခန်းမတွင် (GTHS) အောင်မြင်သူများအတွက် ပညာသင်ယူမှုအခွင့်အလမ်းများအား  ပြည်သူများသိရှိစေရန် ယမန်နေ့ နေ့လယ်ပိုင်းက   စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်မည့် သင်တန်းသားများရရှိမည့်အခွင့်အရေးအသိပညာပေး (Talk Show) အစီအစဉ်ကို  ကျင်းပပြု လုပ်ခဲ့ကြသည်။
May 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရုတ်တရက်မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ယမန်နေ့ညနေပိုင်းက လူနေအိမ်နှင့်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 14,2023
ရေဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ရေဘေးအန္တရာယ်အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့‌‌ကြောင်းသိရသည်။