နယ်ရုံးများ၏သတင်းများ

Jun 11,2026
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
Jun 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကိုယနေ့နံနက်(၉)နာရီက မိုင်းဇင်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ကျင်းပသည်။
Jun 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၁ရက်၊ နံနက် ၁၀နာရီက လကပ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
Jun 11,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲအထိ နေ့စဥ်စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိရာ သုတ၊ ရသစာစောင်များ၊ ရုပ်ပြစာစောင်များအား ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကို အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးပြုတက်စေရန် စာကြည့်တိုက်တွင်း ဖတ်ရှုခြင်း (သို့မဟုတ်) စာအုပ်စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။
Jun 11,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ မူးယစ်ဆေးအန္တရာယ်နှင့် ရေချိုချွေတာသုံးစွဲရေးအကြောင်း အသိပညာပေးဟောပြောပွဲကို အနောက်ရပ် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက စာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jun 11,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇွန်လ ၁၁ ရက်နေ့က  အ.ထ.က (ခွဲ)၊ အ.လ.က (၅) ကျောင်း၌ ကျင်းပသည်။
Jun 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ကျောက်တလုံးကြီး အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ဖြန့်ဝေသည်။
Jun 11,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီအချိန်ကစတင်၍ ဇဟားအနောက်မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟော​ပြောခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။