လှိုင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

လှိုင် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ‌မေလ (၉) ရက်နေ့ နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်းဒုဥက္ကဋ္ဌ ဆရာမြတ်စိုး (လှိုင်)၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မျိုးဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါ်ခင်လှမူ (ပညာရေး) က နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် ယခင်အလုပ်အမှုဆောင်များ နှုတ်ထွက်ပြီးကြောင်းကို ကြောညာခဲ့သည်။ ဆက်လက်၍ ရွေးချယ်တင်မြှောက်ရေးအဖွဲ့နှင့် တက်ရောက်လာသူများက အောက်ပါပုဂ္ဂိုလ်များအား တညီတညွတ်တည်း ရွေးချယ်ခဲ့ကြရာ စာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် ဆရာကြယ်နီလေး (ဥပဒေ)၊ ဒုဥက္ကဋ္ဌအဖြစ် ဆရာသန်းကျော် (မိတ္ထီလာ)၊ အတွင်းရေးမှူးအဖြစ် ဒေါ်ခင်လှမူ (ပညာရေး)၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်လွင်၊ ဘဏ္ဍာရေးမှူးအဖြစ် ဆရာမမြကံ့ကော် (လှိုင်)၊ အမှုဆောင်များအဖြစ် လှိုင်မေသစ်ဦးကြည်၊ ဆရာတိုးခတို့အား ရွေးချယ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းဒုဥက္ကဋ္ဌ ဆရာမြတ်စိုး(လှိုင်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မျိုးဇော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးညိုထွန်းနှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ရွေးချယ်တင်မြှောက်ခံရသည့် အမှုဆောင်အဖွဲ့ဝင်များနှင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့တွေ့ဆုံကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး ရွေးချယ်တင်မြှောက်ခံရသည် လှိုင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြယ်နီလေး (ဥပဒေ) က နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)