ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ဖျာပုံ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ကျုံဖဲကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိပြီး အသေးစား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို မေလ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲတွင်ဖျာပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီက သင်တန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြသည်။ အဆိုပါအခြေခံစက်ချုပ်နည်းပညာသင်တန်းကို ကျုံဖဲကျေးရွာရှိ သင်တန်းသူ (၁၆) ဦးအား (၅-၅ -၂၀၂၆)မှ (၃- ၆ -၂၀၂၆)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းကို (၁၂- ၆-၂၀၂၆)မှ (၂၆- ၈ -၂၀၂၆)ရက်နေ့အထိ အခမဲ့ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်